Home » တမူးအခြေစိုက် NLA တပ်ဖွဲ့ NUG လက်အောက်ခံတပ်ရင်းအဖြစ် ခံယူ

တမူးအခြေစိုက် NLA တပ်ဖွဲ့ NUG လက်အောက်ခံတပ်ရင်းအဖြစ် ခံယူ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းအဖြစ် ခံယူလိုက်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF ရဲ့ တပ်ရင်းများအဖြစ် NLA က ကူးပြောင်းရပ်တည်၍ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှာ ခံယူခဲ့တာလို့ ဆိုပါတယ်။

NLA ဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့မှာ Myanmar Federal Army (MFA) အမည်ဖြင့် ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှာ စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကာ လက်ရှိမှာ NUG လက်အောက်ခံတပ်ရင်းအဖြစ် ခံယူလိုက်တာပဲ ဖြစ်ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု‌အောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ဖို့ ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်‌စေ ကြိုဆိုလျက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ဟာ NUG လက်အောက်ခံမဟုတ်တဲ့ တောင်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က NLA ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ကိုဇီးကွက်အပါဝင် ရဲဘော် ၅ ဦးကို အမှတ်(၁)စစ်ဒေသအတွင်း NUG လက်အောက်အဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် NUG နဲ့ SRA တို့ ညှိနှိုင်းဆွေးနွေးမှုအရ မတ်လ ၁၅ ရက်မှာ NLA မှ ကိုဇီးကွက်အပါဝင် ရဲဘော် ၅ ဦး ပြန်လည်လွှတ်မြောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ NUG လက်အောက်ခံတပ်ရင်းအဖြစ် ခံယူလိုက်တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment