Home » KIA တပ်စခန်း ၅ ခုကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ် သိမ်းပိုက်ဟု ပြော

KIA တပ်စခန်း ၅ ခုကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ် သိမ်းပိုက်ဟု ပြော

by Homeland Author

မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအနီးရှိ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်စခန်း ၅ ခုကို စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒီနေ့ မတ်လ ၂၃ ရက်မှာ ဝါရာဇွပ်ပြည်သူ့စစ်က သတင်းထုတ်ပြန်လာပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ်တိုက်ခိုက်ရေးတပ်ခွဲမှတပ်ဖွဲ့ဝင်တွေ၊ ကချင်အထူးဒေသ ၁ မှ အထူးတပ်ဖွဲ့ဝင်တွေ နဲ့ စစ်တပ် စစ်ကြောင်းဟာ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ KIA တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီမှာတော့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း KIA စခန်းမှ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ် စစ်ကြောင်းမှ လူ၊ လက်နက်ခဲယမ်းဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း တနိုင်းမြို့နယ်ရှိ KIA ရင်း (၂၀) အူလွယ်ဘိုင်ဘန်စခန်းကုန်းကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့၊ မဟာမိတ်လီဆူတပ်၊ စစ်တပ်စစ်ကြောင်းတွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

တနိုင်းလမ်း လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်တပ်၊ ဝါရာဇွပ် ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဗန်းမော်မြို့၊ ဖားကန့်မြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment