သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်တပ်က အလုံးစုံ ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ စစ်တပ်ကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြကြပါတယ်။
တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး စစ်တပ် နဲ့ TNLA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။
မနေ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျောက်မဲမြို့အတွင်းက ဌာနဆိုင်ရာရုံးအချို့ နှစ်ဖက်တိုက်ပွဲအခြေအနေတွေကြောင့် မီးလောင်ပျက်စီးမှုတွေလည်း ရှိိခဲ့ပါတယ်။
TNLA တပ်ဖွဲ့က တစ်နှစ်ကျော်အကြာ ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို စစ်တပ်က ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျောက်မဲမြို့ကို လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ မြေပြင်ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။





