Home » ကျောက်မဲမြို့အနီးရှိ စခန်းသာရွာကို စစ်တပ် ပြန်သိမ်း

ကျောက်မဲမြို့အနီးရှိ စခန်းသာရွာကို စစ်တပ် ပြန်သိမ်း

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နဲ ၅ မိုင်ခန့်သာဝေးတဲ့ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ မနေ့က စက်တင်ဘာ ၂၆ ရက်မှာ စစ်တပ်ထောက်ခံတဲ့ တယ်ရီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။

နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင် အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်ရီဂရမ်ချန်နယ်က ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

TNLA စခန်းချထားတဲ့ စခန်းသာကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်တွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။

နောင်ချိုမြို့နယ်ဘက်ကနေ ကျောက်မဲမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျောက်မဲမြို့အနီးကို ရောက်ရှိလာပြီဖြစ်တာကြောင့် ဒေသခံအများစုလည်း ဘေးကင်းရာသို့ တိမ်းရှောင်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment