Home » ဟုမ္မလင်း နားမော်ရွာ ပျက်စီးမှု မြင်ကွင်း

ဟုမ္မလင်း နားမော်ရွာ ပျက်စီးမှု မြင်ကွင်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နားမော်ရွာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကချင်တပ်ဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် နားမော်ရွာ ပျက်စီးသွားတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

နားမော်ရွာဟာ ဥရုချောင်းဘေးရှိ နောင်ပူအောင်စံပြကျေးရွာ အနီးမှာ တည်ရှိတဲ့ ရှမ်းနီရွာဖြစ်သလို အနီးအနားရှိ လွှစင်ကုန်းကျေးရွာလည်း အလားတူ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ထိုးစစ်တွေကြောင့် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ နားမော်၊ လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီဒေသခံတွေဟာ ဥရုချောင်း တစ်ဖက်ကမ်း ဘေးကင်းရာနဲ့ အခြားသော ဒေသတွေသို့ သွားရောက်၍ တိုက်ပွဲရှောင်နေကြရတယ်လို့ သိရပါတယ်။

related posts

Leave a Comment